mangoSTEEMS Myanmar စာမျက်နှာအား ဝင်ရောက်
ကြည့်ရှုမှု အတွက်

ကျေးဇူးတင်ပါသည်။

မိဘမ်ား

  • သင့်ကလေးကိုSTEAMS Education နဲ့ သင်ကြားနိုင်မယ့် အခွင့်အရေးတွေ
  • ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ သင့် ကလေး အတွက် မရှိမဖြစ် skills တွေ

ဆရာ/မမ်ား

  • ကျောင်းမှာ သင်ကြားဖို့ အရည်အသွေး ကောင်းမွန် စုံလင်လှတဲ့ programs တွေ
  • စာသင်ခန်းထဲမှာ၊ online ပေါ်မှာ အသုံးပြုလို့ ရမယ့် သင်ကြားရေး နည်းစနစ်တွေ

ကျွန်တော်တို့ mangoSTEEMS က ကူညီနိင်ပါတယ်။

ကျွန်တော်တို့ ဆီမှာ-

၂၁ရာစု သင်ကြားရေး နည်းစနစ်တွေ၊ နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြု ထားတဲ့ STEAMS Education အခြေပြု ဘာသာရပ်တွေကို ရရှိနိုင်ပါတယ်။

ကျွန်တော်တို့ က-

online/ offline သုံးလို့ရတဲ့ ထုတ်ကုန်တွေ၊ ကျောင်းသားတွေ အတွက် သင်တန်းတွေ၊ ပညာရေးနယ်ပယ် မှာ လုပ်ကိုင်ကြမယ့် လူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်စေမယ့် သင်တန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။

ကျောင်းသားများအတွက် ဝန်ဆောင်မှုများ

သင်တန်းများကို စာသင်ခန်းတွင်ဖြစ်စေ၊ online မှဖြစ်စေ သင်ယူနိုင်ခြင်း။

ကျွန်တော်တို့ ၏ထူးချွန်သော ဆရာ/မ များမှ သင့်ကလေးအား သင်ခန်းစာတွင်သာမက အနာဂတ်အထိပါ အောင်မြင်အောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင့်ကလေးကို၂၁ရာစုရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့တွေးခေါ်နိုင်စွမ်းတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ ခေါင်းဆောင်နိုင်စွမ်းတွေ ရရှိရေး အတွက် STEEMS ဘာသာရပ်တွေကို သုံးပြီး သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဆရာ/မများ အတွက်ဝန်ဆောင်မှုများ

English 4 Skills | Literacy | Coding | Math နဲ့ Science ဘာသာရပ်တွေ ကို ဒီဂျစ်တယ် ပစ္စည်းများဖြင့် သုံးပြီးသင်ပုံ သင်နည်းတွေ၊

စာသင်ခန်း ပြင်ပမှာပါ သုံးနိုင်မယ့် ၂၁ ရာစု အရည်အသွေးတွေ ရရှိအောင် ကလေး ကို သင်ကြားရမယ့် ပုံစံတွေ၊

coding ဘာသာရပ်ကို ကလေးတွေ မသင်ကြားဖူးဘူးလား ? Coding အခြေခံ မရှိတောင် ကလေးကို ယုံကြည်မှု အပြည့်နဲ့ သင်ကြားနိုင်ရန် ကျွန်တော်တို့မှ လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်ရွေးချယ်နိင်မည့် အရာများ  

 နည်းပညာ ဘာသာရပ်အား သင်ကြားခြင်း၊ လေ့လာခြင်း

လက်တွေ့ အသုံးချ coding ဘာသာရပ်၊ နောင် အလုပ်ခွင်တွင် သုံးရန် အကောင်းဆုံး ဘာသာရပ်။ အသက် (၈) နှစ်မှ စပြီး လေ့လာနိုင်သည်။

၂၁ရာစု အတွက် လိုအပ်တဲ့ programming စွမ်းရည်တွေကို မေးခွန်းတွေကို ဖြေရှင်းပြီး ဂိမ်းတွေ ဆော့ကစားရင်း ရရှိနိုင်မယ့် ဘာသာရပ်။

 အင်္ဂလိပ်စာနှင့် စာပေ ကို သင်ကြားခြင်း၊ လေ့လာခြင်း

အင်္ဂလိပ်စာ စွမ်းရည် (၄) မျိုးအား တစ်ချိန်တည်း လေ့လာနိင်မည့် ဘာသာရပ်။ စာသင်ခန်း/ online တွင် သင်ကြားနိုင်ပြီး သင်ကြားရေး အထောက်အကူပြု ဂိမ်းပေါင်း (၉၆၀) ပါရှိသည်။ Cambridge YLE ဖြေဆိုလိုသူများ အတွက် သင့်တော်သည်။ အသက် (၃) နှစ်မှ (၁၂) နှစ် အထိ သင်ယူနိင်သည်။

level (၂၉) ခု ပါ စာအုပ်ပေါင်း များစွာ ပါဝင်ပြီး ဆုရရှိထားသော reading အသားပေး ဘာသာရပ်လည်း ဖြစ်ပါသည်။ အသုံးပြု ရလွယ်ကူခြင်းကြောင့် ဆရာ/မ များ အနေဖြင့် ကျောင်းသားများဧ။် လုပ်ဆောင်ချက် များကို မိနစ် အနည်းငယ် အတွင်း သိရှိ နိုင်ပါသည်။

  သင်ချာင်္ ဘာသာရပ်အား သင်ကြားခြင်း၊ လေ့လာခြင်း

ကလေးများဧ။် သချာင်္ အရည်အသွေးကို စစ်ဆေးနိုင်သော သင်ရိုးများ ပါဝင်ပြီး ကလေးများဧ။် သင်ယူနေမှူကို မျက်ခြေ မပြတ် စောင့်ကြည့် နိုင်သည်။

  ဂျပန်စာ သင်ကြားခြင်း၊ လေ့လာခြင်း

လုပ်ငန်းခွင် တွင် အသံုံး ပြုရန်နှင့် ဂျပန်စာအား ကိုယ်တိုင်လေ့လာလိုသူများ အတွက် ကိုယ်တိုင် လေ့လာနိုင်သော သင်ရိုး ဖြစ်ပါသည်။ listening နှင့် speaking သင်ခန်းစာများ ပါဝင်ပြီး အသက် (၁၃) နှစ်မှ စတင် သင်ယူနိုင်သည်။

  အင်္ဂလိပ်စာ ဘာသာရပ်အား လေ့လာခြင်း- အလယ်တန်း နှင့် အထက်

နားထောင်၊ အရေး၊ အဖတ်၊ အပြော စွမ်းရည်(၄) မျိုးလုံးကို တစ်ပြိုင်တည်း လေ့ကျင့်နိုင်မည့် ဘာသာရပ် ဖြစ်သည်။ TOEFL, TOEIC နှင့် IELTS စာမေးပွဲမျာူ အတွက် လေ့ကျင့်လိုသူများ အနေဖြင့် အထူးသင့်တော်သည်။အသက် (၁၆)နှစ်နှင့်အထက်လေ့လာနိုင်သည်။

ဂိမ်း ကစားနေရသလို စိတ်ဝင်တစားနဲ့ အင်္ဂလိပ်စာ သင်ယူနိုင့်မည့် ဘာသာရပ်၊ ဗီဒီယို ပေါင်း (၁၃၀၀) ကျော်ပါဝင်တဲ့ အတွက် ဝေါဟာရတွေကို တစ်ဝကြီး လေ့လာနိုင်မယ့် အပြင် တစ်ဦးချင်းစီ ရလဒ် ကိုလဲ ထုတ်ယူနိုင်ပါတယ်။

အသက် (၁၂) နှစ် နှင့် အထက် ရှိသောသူများ အတွက် သင့်တော်ပါသည်။

အင်္ဂလိပ်စာကို Video ပေါင်း (၁၄၀၀၀)ကျော်ဖြင့် ကိုယ်တိုင်သာမက နိုင်ငံခြားမှ ဆရာများနှင့်အတူ အပြန်အလှန်လေ့ကျင့်ရင်း အသံထွက်များကို မှန်ကန်စွာ ပြောဆိုနိုင်စေမည့် ဘာသာရပ်ဖြစ်ပါသည်။စကားပြော အပြင်နားထောင်မှု့စွမ်းရည်၊အရေး၊အဖတ်၊စကားလုံးသတ်ပုံများကို ကျွမ်းကျင်စွာတတ်မြောက်စေမည့်အပြင် နိုင်ငံတကာစာမေးပွဲများအတွက်လေ့ကျင့်လိုသူများ၊အင်္ဂလိပ်စာကို သဒ္ဒါနည်းကျကျ ကျွမ်းကျင်စွာ ပြောဆိုရေးသားလိုသူများအတွက် အထူးသင့်တော်ပါသည်။

  Block Coding အကြောင်းလေ့လာခြင်း

Robotify ဆိုတာ ကလေးများအတွက် coding virtual Robots ကို စိတ်ဝင်စားမှုရှိလာစေရန် ပရောဂျက်ကို အခြေခံပြီး သင်ကြားပေးမယ့် ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ ဒရုန်းတွေ ၊ ရေငုတ်သင်္ဘောတွေ ၊ အာကာသစက်ရုပ်တွေ စတဲ့ virtual Robot တွေကို ကလေးများရဲ့ စိတ်ဝင်စားမှုကို အခြေခံပြီး ရွေးချယ် သင်ကြားနိုင်မှာဖြစ်ပါတယ် ။ Robotify ဘာသာရပ်ကို အသက် ၇ နှစ် မှ ၁၈ နှစ်အရွယ်ကလေးများအနေဖြင့် coding နဲ့ပတ်သတ်တဲ့ အတွေ့အကြုံရှိစရာ မလိုပဲ သင်ကြားနိုင်မှာဖြစ်ပါတယ်။

  အင်္ဂလိပ်စာ ဘာသာရပ်အား လေ့လာခြင်း

ELT Songs ဆိုတာ ကလေးငယ်များ English စာ ပျော်ရွှင်စွာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ English စာ သင်ကြားရေး platform တစ်ခုဖြစ်ပါတယ် ။ ပျင်းစရာကောင်းလှတဲ့ သင်ကြားရေး စာအုပ်တွေ ၊ ခေတ်နောက်ကျနေတဲ့ ကလေး သီချင်းတွေ နဲ့ စိတ်ဝင်စားစရာမကောင်းတော့တဲ့ သင်ကြားရေးပုံစံတွေကို good bye လို့နှုတ်ဆက်ချိန် ရောက်ပါပြီ။ ELT songs များဟာဆိုရင် ယနေ့ခေတ်ရဲ့ pop သီချင်းပုံစံကို အသုံးပြုပြီးကလေးများအနေဖြင့် ပျော်ရွှင်စွာ သီချင်းဆိုရင်း ကရင်းဖြင့် English စာကိုကျွမ်းကျင်စွာတတ်မြောက်လာစေရန် ရည်ရွယ်ထားဖြင်းဖြစ်ပါတယ်

  လုပ်ငန်းခွင် အတွင်း တိုးတက်စေရန်

သင့်လုပ်ငန်းခွင်က လူတွေကို သင်ယူလေ့လာနေစေတဲ့အခါ သင့်လုပ်ငန်း လည်း တိုးတက်လာမှာ အမှန်ပါပဲ။ ဦးဆောင်နိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံရေး၊ စီမံအုပ်ချုပ်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေ အတွက် လေ့ကျင့်ခန်းပေါင်း (၁၆၀) ကျော်ပါဝင်တဲ့ Skillsoft ကို ရွေးချယ်လိုက်ပါ။

နှစ်ဦး နှစ်ဖက် အကျိုးစီးပွား အတွက် ရေရှည် လက်တွဲနိုင်မယ့် ပါတနာကောင်းများကို ကြိုဆိုလျက် ရှိပါတယ်။ 

ကျွန်တော်တို့ mangoSTEEMS မှ လုပ်ပေးနိုင်တဲ့ Service တွေပါ။

ဆွေးနွေး အကြံပေးတာ

ဆရာ၊ဆရာမ များအား Professional Development Training များပေးခြင်း။

ပညာရေးနဲ့ ဆက်စပ် ပြီး ဒီဂျစ်တယ် နည်းပညာများ အသုံးပြုပြီး စီမံ အုပ်ချုပ် ပုံတွေ

Digital platform အသုံးပြုပုံ နဲ့ ပတ်သက်ပြီး Training များပေးခြင်း။

ပရောဂျက် တစ်ခုကို စီမံ ထိန်းချုပ် တာတွေ

ကျောင်းတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ ကို ဘယ်လို လည်ပတ်ရမယ်ဆိုတာတွေ၊

ကျွန်ုပ်တို့၏ ခံယူချက်နှင့် ဦးတည်ချက်

ကျွန်ုပ်တို့၏ ခံယူချက်မှာ-

လူတိုင်း အောင်မြင်မှုရရှိစေရန် ၎င်းတို့ဧ။် အသိပညာ ဗဟုသုတနှင့် စွမ်းရည် ကို မြှင့်တင်ပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ဦးတည်ချက်မှာ-

  • ကျောင်းများ၊ အဖွဲ့အစည်းများနှင့် အစိုးရဌာနများဆီသို့ ခေတ်၊စနစ်နှင့် လျော်ညီသော နိုင်ငံတကာ အဆင့်မီ သင်ရိုးများ ယူဆောင်လာပေးရန် နှင့်

  • ဆရာ/မ များ အား ဒီဂျစ်တယ် နည်းပညာသုံး သင်ကြားရေး နည်းစနစ်များနှင့် အကျွမ်းတဝင် ဖြစ်လာစေရန် တို့ဖြစ်ပါသည်။

ယခုပဲ mangoSTEEMS Myanmar နဲ့ ဆက်သွယ်လိုက်ပါ